Thursday, January 15, 2009

ရူးသွပ်သွားသော အခိုက်အတန်.

မမျှော်လင်.ပဲ ဒီဂျစ်တယ်
စလုံးတွေထထလောင်နေတယ်။
အပြာခံက ဒီတခါ ဝေဒနာပဲ
သေရာပါတွေ လို မလိုအပ်လဲ
အိပ်ရေးငတ်တဲ.ညတွေ စီးမြောရင်း။

ကျေးဇူးပြုပြီး .....
သွားပြန်ပြီနောက်တခု ဆုတောင်းက
မီးအလင်းရောင် နဲ. အမှောင်ည တထပ်ထဲကျ
ဆောင်းညကိုလှောင်နေတာမပာုတ်ဘူး ...
အပေါ်အကျီတထပ် ချွေးတွေတတွက်တွက် နဲ.
စကားလုံးတွေတွေ ပြစ်ပြစ်နှစ်နှစ်ထွက်လာရင်း
ဒိုင်နမိုအင်ဂျင်တခုတွေ အလုပ်ပေးရအုန်းမယ် ။

တောက် ....
ဒီညကျမှ အသက်ရူမ၀သလိုပဲ ....
အပူငွေ.တွေနဲ.တိုက်ခိုက်တာ တော်တော်များနေပြီ ။
ရှိသမျှ မှတ်ဥာဏ် တွေ ပွတ်တိုက်ကြည်.
တခါတခါများ မြင်ကွင်းတွေပဲ မူန်ဝါးလို.များလား
အခါခါ ဆွဲတင်နေရတဲ. ငါ.ဂွကျ တာတွေဖြေဖို.
ခါးပတ်ကောင်းကောင်းတချောင်းလိုအုန်းမယ်ထင်တယ် ။

Fun ကလည်ရင် ... ကျန်တာအလုပ်ရှိဘူး
ကျန်တာအလုပ်လုပ်ရင် Fun ကမလည်ဘူး ..
ကဲ ...
တီ..ဆိုတဲ.အသံကြားဖို. ရှိသမျှ ဂါတာတော်အကုန်နဲ.
တခါတခါ ဆဲဆိုသံ စည်းချက်မကျတကျ ရွတ်ဆိုရင်း ..
နောက်နေ.မနက်အထိ ...
ငါ.မျက်လုံးတွေ BLUE SCREEN တတ်သွားတယ် ။

Friday, January 2, 2009

New Year !!!...

နှစ်သစ်မှာ အားလုံးပျော်ရွှင်ပါစေလို.ဆုတောင်းရင်း ...
ကြိုဆိုလိုက်ပါတယ် ၂၀၀၉ ရေ ...

အင်း .... ပြောလို.သာပြောရတယ် ... အိပ်မက်တွေကတော. နှစ်သစ်အတွက် မကောင်းဘူးဗျို. ။
၁နှစ်ပက်လုံး ဒီလိုဖြစ်နေရင်တော. သေပြီ ။ အပာက် ...

၂၀၀၉

အားလုံးအတွက် အပြုံးမျက်နှာ ရှေ.ထားပေမယ်.
ငါဖြစ်နိုင်ရင် အသက်တနှစ်မကြီးချင်သေးလို.
တားဆီးပိုင်ခွင်.မရှိပေမယ်.
မလာပါနဲ.အုန်းလား နာရီလက်တံတွေရယ် ...

ချမ်းအေးတဲ. ဆောင်းညကို အံတုရင်း
ဂီတာသံတွေ ဒီမီးပုံပေါ်ကျော်ခွပြေးလွား
နေလဲ ... အများအော်သလို
လွပ်လပ်စွာ ငါ HAPPY NEW YEAR မအော်နိုင်သ၍ု
ငါ တိတ်တိတ်လေး နေတယ် ......

လွန်ခဲ.တဲ.နှစ်တွေ အသက်မဲ.ခဲ.ပြီးတဲ.နောက်ပိုင်း
ငါ.ဘ၀မှာ ပျော်ရွှင်မူ.မျိုးမရှိတဲ.နောက်ပိုင်း
HAPPY ဆိုတဲ.စကား မင်းမရှိပဲ ငါ နှစ်သစ်ကို
မကြိုဆိုချင်ဘူး .... ချောကလက်ရယ် ...

သေချာပါတယ်... ဒီ၂၀၀၉ မှာလဲ
လွန်ခဲ.တဲ.နှစ်တွေလောက်
ဘယ်လောက်များ လှပမှာမလို.လဲ ....
ဖြစ်နိုင်ရင် HAPPY OLD YEAR တွေပဲ ပြန်ရောက်ချင်တယ် ။

ဒါပေမယ်.လဲ
ပြကဒိန် တရွက် လွင်.ထွက်သွားပြန်ပြီ ...
နှစ်သစ်ရောက်လဲ ပောာင်းနွမ်းနေတဲ.
ငါ စိတ်တွေနဲ.ပဲ အသစ်သစ်တွေထဲ
ရူံးမထွက်နိုင်သေးပါ .....

တမ်းတခြင်းသာမိုးတိမ်တွေဖြစ်မယ်ဆိုရင် ..
ငါ. ၂၀၀၉ ကောင်းကင်
အတိတ် သံဇဉ်တွေပြန်လည်ပွင်.လန်း
လာပါစေ ... လို.သာ ညည်းငြူမိတယ် .... နှစ်သစ်ရယ် ....

Wednesday, December 31, 2008

( MMG ) Myanmar Genius

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Monday, December 29, 2008

တောင်တလုံး ၊ မြောက်တလုံး

ကန်.လှန်.ဖြတ် အမှားတွေလား
ဘ၀ထဲကို သွပ်သိပ်ထည်.လို.
တခါတခါဒေါင်လိုက်ကြီးပဲဝင်ဝင်လာဆဲ ...
မှောင်မိုက်နေတဲ. နေ.လည်နေ.ခင်းတောင်
လူမလွန်သား အတ္တကို ဆောင်ထိုက်တဲ.အရာလို.ပဲ
မနက်ဖြန်တိုင်းလဲ အပူတွေနဲ.လောင်မြိက်နေအုန်းမယ် ။

ငါ.အတွက် နာကျင်ခြင်းတွေ ပလပွဖြစ်လဲ
ကိုယ်.ယုံကြည်ချက်နဲ. ပျော်ပိုက်နေဆဲ
အမှန်တရားတွေမိုးလင်းတဲ.နေ. စော်မျှော်နေခိုက်
အောက်ခြေလွတ်ဘ၀ တွေ အော်လိုက်ငေါက်လိုက်
ဘ၀ခိုက် လို. မျက်ချီးမမြင်တဲ.သူတွေ အသေကျေ တိုက်ခိုက်နေဆဲ ။

တချိန်ချိန်မြွေကိုက်တော.မှ
ဘေးက မြောက်လျန်ဖော်စားကောင်တွေကို
မင်းပြန် အသေရိုက်ချင်နေလဲ ....
လူ.ဘ၀က ထိုက်မှရတာမလို.
ရေလိုက်ငါးလိုက် အကျိုးမရှိပဲ
မင်းနေ.ရက်တွေ မသေလိုက်ပါနဲ.ကွယ် ။....

လူ.တန်ဖိုးကို ပွေ.ပိုက် လို.ကြို
အောင်မြင်မူတွေ ပြေးဆိုက်လို.
ထွေးပိုက်လို. ကြိုနေမယ် ။
မနာလိုသူ တွေအတွက်တော.
မနက်ဖြန်တိုင်းမှာ ဘေးထွက်လို. ငို ၊
လူမဆန်စိတ်တွေ တချိန်ချိန်မှာ ချစားလို.ပြို နေလဲ
ဘုရားသခင်ကတော. ငါ.အတွက်တော. အမြဲပြုံးပြလို. ဗျို. ။

Saturday, December 27, 2008

သေဆုံးခြင်းနိတန်း ....

လူရာဝင်တယ်ဆိုတာ
ငွေထွက်မှတဲ. ။။
ဒီလိုဘောင်တွေထဲ
အနေကျပ်စရာပဲ ။။
ဓာတ်မကျတဲ. စိတ်က
အသေခက်နေတဲ. အချက်က
လူတိုင်း ကိုယ်.ဘက်ကို
အသေယက်နေတာပဲ ။
အကုသိုလ် စာရင်းမှာ ဘေတွေတတ်နေလဲ
လက်ညိုးညွန်ရာ ငွေထွက်နေတော.
ရွှေသမက်ပါတဲ. ။
အဲ.လိုလူများ ယောင်လို.တောင် မျက်စောင်းမထိုးနဲ.
ပက်ဝန်းကျင်က ထအော်လိမ်.မယ်
ဒီကောင် လူကိုအသရေဖျက် တာတဲ. ။
တွဲသွားသွားလာ ကတော. ရွှေကြက်တွေနဲ.
လက်ထဲက ရေမကုန်မခြင်း အသေဖဲ.နေတာလဲ
အောင်မြင်တယ်ဆိုတဲ. မင်းဘဝ
ရေပွက် ပမှာပဲ ။
လူ.ဘ၀က နေတတ်နေရင်
ကျေနပ်စရာပါကွယ် ...


အမှန်တရားနဲ. သစ္စာ ပျောက်ဆုံးသွားပြီ
အမှောင်ဖုံးထားတဲ.
လောကကြီး အတွက်
နောက်ဆုံးဘ၀ အထိ
ချိနဲ.စွာ အားလျှော.နေလဲ
ငါ ဆက်ပြီး လှောင်ပြုံး ထားမည် ....

Friday, December 26, 2008

သို. ........၂၀၀၉

မိုးလင်းတိုင်း ရှင်သန်ခြင်းကိုထမ်းပိုး
ခပ်တည်တည်နဲ. ကဲ.ရဲ.ခြင်းတသီကြီးပြော
အပေါစား စကားတွေနဲ. မိုးမွန်အောင် ချီးမွန်းရင်း
လုံးခြာလိုက်နေတဲ. ဒီလောကကြီး ..... တညသစ်ပြန်ပြီ ...
အာရုံဦးမှာ အလင်းတွေလာလာတွန်နေတယ် ။
ညက အအေးဒဏ် ဆောင်းတွင်းခံပေါ. ။
မြောက်လေ ၂ခြမ်းကွဲတာ ငါနဲ.မဆိုင်ပါဘူး
မသိခြင်း ၊ ဒေါသတွေ ၊ အမှန်တရားဆိုတာ မင်းလိုပဲ
စောင်ခြုံထားလို.ရလဲမဆိုးပါဘူး ....
အော် သက်ပြင်း သက်ပြင်း မင်းလဲ
ငါမခေါ်ပဲ ရောက်ရောက်တတ်နေပြီကိုး .....
မနက်ဖြန်ဆိုတာ နေမ၀င်သေးသ၍ ...
ငါ...
ငါ ....

ငါ ....
အင်း ...
အားတင်းပြရတာ ကြာလာတော.လဲ
ကွယ်ရာမှာ ချောင်ထိုးအိပ်လိုက်ချင်တော.တယ် ..
ပုံစံခွက်ထဲက ရူန်းထွက် ... အနှစ်မရှိတဲ. ခံစားမူတွေ
တခုစွန်.လွတ်လိုက်တိုင်း ... ဆဲသံတွေမိုးမွန်လို.
လူဆိုတဲ.အသိုင်းအ၀ိုင်း ... မရိုင်းစိုင်းအောင်
နုံခြာခြာ ပြန်ရီပြရအုန်းမှာပေါ. ။။။